တရုတ်နိုင်ငံက လူလိုက်ပါ အာကာသယာဉ်လွှတ်တင်ရန် အဆင်သင့်ဖြစ်

 

ကျိုချွမ် ဧပြီ ၂၃

Shenzhou-18 လူလိုက်ပါ အာကာသယာဉ် မလွှတ်တင်မီ ၎င်း၏ နောက်ဆုံးပူးတွဲလေ့ကျင့်မှုမှာ ဧပြီ ၂၃ ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဒုံးပျံနှင့် အာကာသယာဉ်သည် လျှပ်စစ်ဆိုင်ရာစွမ်းဆောင်ရည် စမ်းသပ်မှုပြီးမြောက်ခဲ့ကြောင်း၊ အာကာသယာဉ်မှူးများနှင့် လွှတ်တင်မည့်နေရာရှိ စနစ်အားလုံးမှာ လွှတ်တင်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း၊ အရာအားလုံးကောင်းမွန်ကြောင်း သိရသည်။

ဧပြီလသည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ လေတိုက်မှုအပြင်းထန်ဆုံးလ ဖြစ်သည့်အတွက် မိုးလေဝသတာဝန်ရှိသူများသည် လွှတ်တင်ရေးစင်တာ၌ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းက ဧပြီလ၏ လေတိုက်နှုန်းအချက်အလက်ကို ဆန်းစစ်ခဲ့သည်။

Shenzhou-18 လူလိုက်ပါ အာကာသယာဉ်နှင့် လောင်းမာ့ချ် - ၂ အက်ဖ် သယ်ဆောင်ရေးဒုံးပျံတို့ကို ပေါင်းစပ်ကာ လွှတ်တင်မည့်နေရာသို့ ရွှေ့ပြောင်းပြီးဖြစ်ကြောင်း တရုတ်လူလိုက်ပါ အာကာသအေဂျင်စီ (စီအမ်အက်စ်အေ) က ဧပြီ ၁၇ ရက်တွင် ပြောသည်။

ယင်းအာကာသယာဉ်ကို လာမည့်ရက်များအတွင်း လွှတ်တင်သွား မည်ဖြစ်ကြောင်း စီအမ်အက်စ်အေက ပြောသည်။ 

ဆင်ဟွာ