တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကို ဂျပန် အနီးကပ်စောင့်ကြည့်မည်

၅  နိုဝင်ဘာ

 

ဂျပန်အစိုးရသည် တရုတ်နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့နှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်မည်ဟု ဝန်ကြီးအဖွဲ့အတွင်းရေးမှူး ကာတိုကတ်ဆန်နိုဘူက ဆိုသည်။

 

အစိုးရက ဂျပန်ပိုင်နက် ရေပြင်၊ လေကြောင်းနှင့် ငါးဖမ်းစက်လှေများ အပါအဝင် ဂျပန်ပြည်သူများ၏ ဘဝများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ကတိပြုပြီး ဖြစ်ကြောင်း ကာတိုက သတင်းထောက်များကို ယနေ့တွင် ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံနှင့် တည်ငြိမ်အေးဆေးခိုင်မာစွာဆက်ဆံပြီး အရှေ့တရုတ်ပင်လယ်ထဲရှိ ဆန်ကာကူကျွန်းများကို ကင်းလှည့်စောင့်ကြည့်မှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။

 

ထိုကျွန်းစုကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားသည်။ တရုတ်နှင့် ထိုင်ဝမ်တို့က ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုသည်။

 

နိုင်ငံတကာ ဥပဒေနှင့်သမိုင်းကြောင်းအရ ဂျပန်နိုင်ငံ၏ပိုင်နက်တစ်ခုဖြစ်သည့် ထိုကျွန်းကို ဂျပန်အစိုးရက ထိန်းသိမ်းထားသည်။

 

၎င်းတို့အနေဖြင့် ထိုကျွန်း၏ အချုပ်အခြာ အာဏာဆိုင်ရာ ကိစ္စရပ်တွင် ပြဿနာမရှိဟု ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို