တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၅ အသင်း ရှုံးပွဲထပ်မံကြုံတွေ့

၁၀ ဧပြီ

 

တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက တရုတ်နိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာ ယူ-၁၅ အသင်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ မြန်မာ ယူ-၁၅ အသင်းသည် ကာဂျစ္စတန် ယူ-၁၅ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာ ယူ-၁၅ အသင်းသည် ပထမဆုံးနိုင်ပွဲရရန် ကြိုးပမ်းသော်လည်း ကာဂျစ္စတန် ယူ-၁၆ အသင်းကို ဒုတိယပိုင်းတွင်ပေးလိုက်ရသည့်ဂိုးများဖြင့် အရေးနိမ့်ခဲ့ရသည်။

 

မိနစ် ၅၀ တွင် ကာဂျစ္စတန်အသင်းက ဂိုးစရခဲ့ပြီး ၆၃ မိနစ်တွင် ထက်မြတ်လွင်က ချေပဂိုးပြန်သွင်းခဲ့သည်။ သို့သော် ၇၇ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဂိုးထပ်ပေးလိုက်ရသော ကြောင့် မြန်မာအသင်း အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 မြန်မာ ယူ-၁၅ အသင်းသည် ယင်းပြိုင်ပွဲတွင် ယူ-၁၆ အသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး တရုတ်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ တာဂျစ်ကစ္စတန်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ ကာဂျစ္စတန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

ရဲရင့်ရှိုင်း