တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း ရှုံးနိမ့်

ရန်ကုန် ၆ ဧပြီ

 

တရုတ် ယူ-၁၆ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့ညနေပိုင်းက တရုတ်နိုင်ငံ၌ ကျင်းပရာ မြန်မာ ယူ-၁၅ အသင်း အဖွင့်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာအသင်းသည် အိမ်ရှင်တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အာရှထိပ်သီး အသင်းတစ်သင်းနှင့် ယှဉ်ပြိုင်ခဲ့ရသောကြောင့် ကွာဟမှုရှိခဲ့ကာ ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာ ပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် လေးဂိုးပေးလိုက်ရသောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် ဧပြီ ၈ ရက်တွင် တာဂျစ်ကစ္စတန် ယူ-၁၆ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယခုပြိုင်ပွဲမှာ အသက် ၁၆ နှစ်အောက် ပြိုင်ပွဲဖြစ်သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ ယူ-၁၅ အသင်း နိုင်ငံတကာပွဲ အတွေ့အကြုံရစေရန် စေလွှတ်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

 

ရဲရင့်ရှိုင်း