တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၆၈၀၀ ကျော်ကို လစ်ဗျားကမ်းလွန်ဒေသမှ ကယ်ဆယ်ပြီး လစ်ဗျားနိုင်ငံသို့ ပြန်ပို့

၅ ဩဂုတ်

 

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်း (IOM) က ၂၀၂၀ ခုနှစ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၆၈၄၈ ဦးကို ကယ်ဆယ်ခဲ့ပြီး လစ်ဗျားနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

၂၀၂၀ ခုနှစ် မြေထဲပင်လယ် ဗဟိုလမ်းကြောင်းတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၁၅ ဦး သေဆုံးခဲ့ပြီး ၁၈၀ ပျောက်ဆုံးနေကြောင်း နှင့် အမျိုးသမီး ၄၇၄ ဦး အပါအဝင် သတ္တုတွင်းအလုပ်သမား ၃၆၄  ဦးကို ကယ်ဆယ်ခဲ့သည်ဟု IOM က ဆိုသည်။

 

၂၀၁၉ ခုနှစ်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူစုစုပေါင်း ၉၂၂၅ ဦးကို ကယ်ဆယ်ခဲ့ကြောင်းနှင့် လူပေါင်း ၂၇၀ သေဆုံးခဲ့ပြီး ၉၉၂ ဦး ပျောက်ဆုံးနေကြောင်း IOM က ပြောကြားသည်။

 

၂၀၁၁ ခုနှစ်က  ယခင်ကဒါဖီအစိုးရ ပြုတ်ကျခဲ့ရာ လစ်ဗျားနိုင်ငံတွင် လုံခြုံမှုကင်းမဲ့ပြီး ဖရိုဖရဲ ဖြစ်ခဲ့သဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအတွက် လစ်ဗျားနိုင်ငံသည် ဉရောပကမ်းခြေများသို့ ဦးတည်ကာ မြေထဲပင်လယ်ကို ဖြတ်သန်းရန် ထွက်ခွာရာနေရာတစ်ခုဖြစ်ခဲ့သည်။

 

ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှုကို ပိတ်ပင်ရန် နိုင်ငံတကာတောင်းဆိုမှုများ ထပ်တလဲလဲ ပြောဆိုမှုများရှိသော်လည်း လစ်ဗျားနိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်သူများခိုလှုံရာစခန်းများတွင် ၎င်းတို့နှင့် ပြည့်ကျပ်နေသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို