တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၀ဝ ကျော် လစ်ဗျားရေတပ် ကယ်ဆယ်

၃၀ သြဂုတ်

 

လစ်ဗျားနိုင်ငံ အနောက်ဘက်ကမ်းလွန် သီးခြားစစ်ဆင်ရေးတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀ဝ ကျော်ကို ယမန်နေ့က  ကယ်ဆယ်ခဲ့ကြောင်း လစ်ဗျားရေတပ်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သီးခြားစစ်ဆင်ရေးများတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၀၃ ဦးကို ကမ်းခြေစောင်းကင်းလှည့်တပ်ဖွဲ့က ကယ်ဆယ်ခဲ့ကြကြောင်း ထိုရေတပ်ပြောရေးဆိုခွင့်ရှိသူ အာရွတ် ကာဆမ် က ပြောကြားခဲ့သည်။

 

မြို့တော် ထရီပိုလီ၏ အရှေ့ဘက် ၁၂၀ ကီလိုမီတာခန့်အကွာ ခွမ်စ်မြို့ ကမ်းလွန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

၎င်းတို့မှာ အာဖရိက လူမျိုးစုအမျိုးမျိုးဖြစ်ပြီး  ကြိုဆိုလက်ခံရေး စင်တာများတွင် ခိုလှုံနေကြောင်း ကာဆမ်က ထပ်လောင်း ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်ရက်အနည်းငယ်က ခွမ်စ်မြို့မှ ၎င်းတို့၏လှေဖြင့် ထွက်ခွာခဲ့သော လူအယောက် ၄၀ သည် ပင်လယ်ပြင်တွင် ပျောက်ဆုံးသွားခဲ့သည်ဟု  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို