တရားမဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက်ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ် ပေးနိုင်ပါရန် အဆိုနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရှင်းလင်းဆွေးနွေး

ရန်ကုန် ၁၆ ဇွန် 

 

တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥပဒေချိုးဖောက်ပြီး တရားမဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်စွာ အရေးယူ ဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း ၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုများအပေါ် ဇွန်လ ၁၅ ရက်နေ့က ကျင်းပသော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီးအောင်စိုးမိုးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်းရာတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် တရားဥပ ဒေစိုးမိုးရေးသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ အများပြည်သူလုံခြုံအေးချမ်းသောဘဝ ရရှိခံစားစေရန်အတွက် တရားဥပဒေစိုးမိုးဖို့နဲ့ တရားမျှတမှုရှိရန် လိုအပ်ကြောင်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ အများပြည်သူနှင့် နိုင်ငံတော် ၏ အကျိုးစီးပွားကို ကာကွယ်စောက်ရှောက်ရန် တရားမျှတမှုရှိသော ဥပဒေများဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် ယင်း ဥပဒေများကို ပြည်သူအားလုံးက လိုက်နာကျင့်သုံးရေးဖြစ်ပါကြောင်း၊ 

 

တရားဥပဒေစိုးမိုးရေးဖော်ဆောင်ရာတွင် အဖွဲ့အစည်းတစ်ခု၊ ဌာနတစ်ခုတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ပြည်သူတစ်ဦးချင်းစီတွင်လည်း တာဝန်ရှိ ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၂၁(ဂ)တွင် ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့်အညီ တရားဥပဒေစိုး မိုးရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်ထားပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိစေရန် အသင်း အဖွဲ့၊ အဖွဲ့အစည်းတစ်ခုတည်းကသာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ပြည်သူတစ် ရပ်လုံးနှင့် ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ 

 

အဓိက တာဝန်ရှိသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်ဌာနဆိုင်ရာများ၊ ပြည်သူ့ကိုယ်စားဆောင်ရွက်သော လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူများပါဝင်ပြီး တက်ညီလက်ညီ တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အစိုးရတစ်ခုတွင် မှန်ကန်ပြီး ဘက်မလိုက်သည့်တရားဥပဒေစိုးမိုးမှုများ အမြန်ဆုံးပေါ်ပေါက်လာ စေရေး ဌာနဆိုင်ရာများအား ထိထိရောက်ရောက် ဥပဒေစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊   ဘက်မလိုက်သည့် တရားဥပဒေစိုးမိုးမှုပေါ်ပေါက်လာစေရေးအတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးရန် လို အပ်ပါကြောင်း၊ 

 

ဌာနဆိုင်ရာများကလည်း ဘက်မလိုက်ဝန်ထမ်းများအဖြစ် ပြည်သူလူထုအပေါ်တွင် တရားမျှတ စွာဖြင့် မှန်ကန်သည့် ဥပဒေစိုးမိုးမှုပေါ်ပေါက်လာအောင် အားသွန်ခွန်စိုက် ဖော်ဆောင်ပါက တရားဥပဒေစိုးမိုး ရေးကို ဆက်လက်ကြိုးစားဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာပြင်ပ လယ်ယာမြေများပေါ်တွင် တရားမဝင်ငါးမွေးကန်များ တူးဖော်ခြင်း၊ အုတ်ဖုတ်လုပ်ငန်းများ လုပ်ကိုင်ခြင်းအပေါ် တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးတင်ပြခဲ့သော အကြောင်းအရာများအပေါ် အရေးယူဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် အဆိုရှင်တင်သွင်းသော အဆိုပြုချက်သည် အများပြည်သူအတွက် အမှန်တကယ်အကျိုးရှိသော အဆိုပြုချက်တစ်ရပ်ဖြစ်ပြီး ယင်းအပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆွေးနွေးချက်များ လည်း အပြုသဘောဆောင်သော အဆိုပြုချက်များဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် သဘောတူပါကြောင်း ပြောကြားခဲ့သည်။ 

 

တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့် အုပ်ချုပ်ရေးယန္တရားများ တည့်မတ်မှန်ကန်စေရန် လွှတ်တော်၏ ထိန်းကျောင်းတည့်မတ်မှုများကို အစဉ်အလေးထားဆောင်ရွက်လျက်ရှိပါပြီး အဆိုနှင့် ထောက်ခံဆွေးနွေး ချက်များအပေါ် လတ်တလောဆောင်ရွက်နိုင်သော ကိစ္စရပ်များကို ချက်ချင်းအရေး ယူဆောင်ရွက်လျက်ရှိပြီး အခြေအနေ အချိန်အခါပေါ်မူတည်၍ ချင့်ချိန်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပတ် သက်၍လည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုအား အတည်ပြုရန် ထောက်ခံပါကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ အဆိုနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားကိုမေးမြန်းရာ ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့သည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း