တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၉ ဇွန် 

တရားမဝင်ကုန်စည်များ      တားဆီးထိန်းချုပ်ရေးအတွက်   ရေပူနှင့်မရမ်းချောင်   အမြဲတမ်းစစ်ဆေးရေး စခန်းတို့ကို  ဌာနဆိုင်ရာ   ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်  ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန် ၇ ရက်တွင် မန္တလေး- မူဆယ်   ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်    ကုန်သွယ်မှုယာဉ်ပို့ကုန် ၄၁၈ စီး၊ သွင်းကုန် ၂၈၁ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက်ကုန်သွယ်မှုယာဉ်  ပို့ကုန်  ၁၁  စီး၊  သွင်းကုန်  ၁၃၇  စီး  ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက  တင်သွင်း၊  တင်ပို့သော  ကုန်ပစ္စည်းများကို  စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ   ဇွန်  ၇  ရက်တွင်  ရေပူအမြဲတမ်း        စစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၆၄၅ သန်း) တန်ဖိုးရှိတရားဝင် စာရွက်စာတမ်းအထောက်အထား        တင်ပြနိုင်ခြင်းမရှိသော တရုတ်နိုင်ငံထုတ်  စားသောက်ကုန်မျိုးစုံ     ၁၄၉    ဖာ၊     အမဲဆီပုံး ၁၀  (၁၄၀ Kg)၊ Hoisting Atomiza- tion Device ခုနစ်ခုနှင့် ခဲတံ ၁၃ ဖာတို့ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်