တရားမဝင် သစ်မျိုးစုံ၊ သစ်စက် ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ် သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် အမ်းမြို့နယ်၌ တောင်သရက်ခွဲသား (၂ ဒသမ ၀၅၇၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄,၀၄၆) ကို လည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် တောင်ကုတ်မြို့နယ်၌ သင်ပုန်းခွဲသား (၄ ဒသမ ၃၃၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃,၃၈၀) ကိုလည်းကောင်း၊ စုစုပေါင်းသစ်မျိုးစုံ (၆ ဒသမ ၃၉၁၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၇,၄၂၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် တိုက်ကြီးမြို့နယ်၊ တဘူးရေသိုး ကျေးရွာအုပ်စုအနီး၌ တရားမဝင် သစ်စက် ဆက်စပ်ပစ္စည်းများဖြစ်သည့် လွှဝိုင်းခုံ၊ ဝိတ်ဘီးနှင့် ရှပ်တန်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀,၀၀၀) ကိုလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ရွာ အဝင်လမ်းအပေါ်အနီး၌ တရားမဝင် တောင်သရက်ခွဲသား (၀ ဒသမ ၈၁၄၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၀၃၆) နှင့် အဆိုပါသစ်များ တင်ဆောင်လာသော Hino Ranger အမျိုးအစား ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဧပြီ ၁၁ ရက်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း  တရားမဝင် အခြားခွဲသားများ (၀ ဒသမ ၈၃၃၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၃၃၈) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၅၈၈,၃၃၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၁၁ ရက် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင်ကြေညာထားခြင်း မရှိသော အထွေထွေလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၃၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ (၁၆ ဒသမ ၄၃၀၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၉၀၉,၆၁၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၂၄၅,၃၇၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်