တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်အဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် လားရှိုး- မူဆယ် လမ်းမပေါ်ရှိ ရေပူကျေးရွာအနီး၌ ရပ်တန့်ထားသည့် မသင်္ကာဖွယ်ရာ ယာဉ်ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသော ကျွန်းခွဲသားဆိုဒ်စုံ (၀ ဒသမ ၇၆၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၀၃,၄၀၀)ခန့်နှင့် အဆိုပါကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် (အဖြူရောင်) (Toyota Hiace) ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀)ခန့်တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု (၂)မှု၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးကျပ် ၁၉,၃၀၃,၄၀၀)ခန့်ကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

အလားတူ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်အဖွဲ့နှင့်ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် လားရှိုး- မူဆယ်လမ်းမပေါ်ရှိ ရေပူကျေးရွာ အနီး၌ရပ်တန့်ထားသည့် မသင်္ကာဖွယ်ရာ ယာဉ်ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော ကျွန်းခွဲသားဆိုဒ်စုံ (၃၇)ချောင်း၊ (၀ ဒသမ ၆၇၁၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၁၃,၆၀၀/-)ခန့်နှင့် အဆိုပါ ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် (ခဲရောင်) (Toyota Hiace) ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးကျပ် ၁၃,၀၀၀,၀၀၀ ) ခန့် တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု(၂)မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးကျပ် ၁၅,၀၁၃,၆၀၀)ခန့်ကို သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံမှတင်သွင်းလာသည့် Motorcycle Spare Parts များကို စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသော  Motorcycle Spare Parts (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ခန့်၊ Cast Iron Balls (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၁၁၄,၀၀၀/-)ခန့်နှင့် Machine Spare Parts ( ၈ )မျိုး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၈၀,၆၀၀ )ခန့် တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု(၃)မှု၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် (၃၀,၄၉၄,၆၀၀) ခန့်ကို အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းနောက် ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ X/3309 (Hilux) ယာဉ်ကို ရှောင်တခင်လှည့်လည် စစ်ဆေးရာယာဉ်ပေါ်တွင် တရားဝင်စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် အပင်သုံးကော်ရည် (၁၀)ထုပ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀,၀၀၀)ခန့်၊ အပင်အားဆေး (၁၅)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀,၀၀၀ )ခန့်နှင့် အသီးအပွင့် အားဆေး (၂၅)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀,၀၀၀) ခန့်တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု (၁)မှု၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၅၂၀,၀၀၀) ခန့် အား အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပူးပေါင်းအဖွဲ့မှ သတင်းအရ တရားမဝင်သစ်များ သယ်ဆောင် လာခြင်းအား စစ်ဆေးရာ ကျွန်းသစ်(၆၀ ဒသမ ၀၃၄၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၇,၇၀၀,၀၀၀)နှင့် တောင်သရက်သစ်ခွဲသား (၀ ဒသမ ၈၉၃၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

အလားတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးနှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်းရှိ တရားမဝင် ကျွန်းသစ်(၇ ဒသမ ၆၇၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၁၀,၉၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနကဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ တမူးမြို့နယ်၌ တရားမဝင်ကျွန်းခွဲသား (၃ ဒသမ ၇၂၇၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၁၁၈,၂၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၊ ပူးပေါင်းအဖွဲ့မှ လျှပ်စစ်ဓါတ်ဗူး (၈၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၆၆၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ပါ၍ ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဖမ်းဆီးရမိမှုပေါင်းမှာ (၁၂)မှုမှာ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၁,၆၂၄,၇၂၀ )ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)