တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊  စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၅

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၂ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁၇)လုံးအတွင်းမှ ပိုင်ရှင်မှ လာရောက်ထုတ်ယူခြင်းမရှိသည့် ဆော်ဒီ အာရေဗျနိုင်ငံထုတ် Plastic Resin ကီလိုဂရမ် (၇၄၁၅၀) ၊ အမေရိကန် နိုင်ငံထုတ် Plastic Resin ကီလိုဂရမ် (၄၉၅၀၀) ၊ တရုတ်နိုင်ငံထုတ် PE Plastic Sheet  ကီလိုဂရမ် (၃၄၀၈၀) ၊ Linoleum ဖယောင်းပုဆိုး ကီလိုဂရမ် (၆၁၂၅၀) ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း Light Steel Keel (၂၀၃၄၃ ဒသမ ၅)ကီလိုဂရမ်၊ Hui Tong Automatic Cutting Machine (Used) (၁)လုံး၊ I Sew Preshrink Molding Machine (၁)လုံးနှင့် LED မီးသီး လုံး (၁၄၈၀၀) ၊ စင်္ကာပူနိုင်ငံထုတ် Insecticide: For You Cole ပိုးသတ်ဆေးလုံး (၂၀၀၀၀) ၊ ထိုင်ဝမ်နိုင်ငံထုတ် Mushrooms Meatball အသားလုံးမှို (Pork) (၁၈၅၄၀) ကီလိုဂရမ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း Mild Steel Shear Stud (၂၁၉၅၈ ဒသမ ၃၈)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၈)မျိုး၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၃,၂၉၃,၁၆၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Hijet မော်တော်ယာဉ်(၁)စီးနှင့် Nissan AD Van မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်း ကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁၁ ဒသမ ၁၅၈) တန်၊ သစ်မာ (၁ ဒသမ ၁၂၂)တန်နှင့် အခြားသစ် (၂ ဒသမ ၃၀၆)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၃၁,၄၅၃)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဧပြီ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှ  စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂၂,၃၂၄,၆၂၁)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)