တရားမဝင် သစ်မျိုးစုံ၊ ခဲသတ္တုများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် AHH Napkins Pads အမျိုးသမီးလစဉ်သုံးပစ္စည်း ကီလိုဂရမ် (၁၆၀၇) ၊ JFRESH LED Panel Light မီးသီးလုံး (၅၀၀၀) အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၈၇၀,၁၂၈) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Durasol Solar Inverter (၅၄) လုံး၊ Golden Life And S-Life Carpet ကော်ဇော (၁၀၀၀၀) စတုရန်းမီတာ၊ 5 Ton Double Rail Hoist ကရိန်းနှစ်ခုအပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈,၈၆၀,၀၀၀) ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဆေးဝါးများဖြစ်သည့် Conozole အရေပြားလိမ်းဆေး (၁၄၆) ဘူးနှင့် Hexicord TS ချက်ကြိုးအနာသက်သာဆေး (၆၀၅၂)ဘူး အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၄,၆၄၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃,၇၃၄,၇၆၈) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

 

mdn

 

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်း မြို့နယ်၊ ကရသူရိမြို့၌ တရားမဝင် ခဲသတ္တု (အရိုင်း) (၁၆၃) ကီလိုဂရမ်၊ ချန်ချိုင်းအမျိုးအစား နှစ်လုံးထိုး အင်ဂျင် (၁၂) လုံးအပါအဝင် ဆက်စပ်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၄၅၀,၀၀၀)ကို မြန်မာ့ သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာ၊ စမုံဂလက်ရေပြင်၌ တရားမဝင် အခြားသစ် (၇ ဒသမ ၁၇၇) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၇၆,၆၄၀) နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် သစ်သားစက်လှေတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၁၅၀,၀၀၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ Honda Wave 100 မော်တော် ဆိုင်ကယ်တစ်စီး၊ Scoopy မော်တော်ဆိုင်ကယ်တစ်စီး၊ TACT Honda မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်တန်ဖိုးငွေကျပ် ၃,၈၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၄၇၆,၆၄၀) ကို ဖမ်းဆီးအရေးယူဆောင် ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းကင်း- ကြေးတောင်ဦးသွား ကားလမ်းအနီး၌ လိုင်စင်မဲ့ KENBO 125 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

mdn

 

ထို့အပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၅၈/၁)၊ (၃၆၉/၃)နှင့် (၃၇၂/၂)တို့၌ မော်တော်ယာဉ်ငါးစီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Bella သနပ်ခါးနှင့်ရှားစောင်း လက်ပတ်ဂျယ် ဘူး (၄၈၀) ၊ Cloth Printing Mechine နှစ်ခု၊ Bee Sodium Cyclamate (၁၂၀၀) ကီလိုဂရမ်၊ Itel Phone အလုံး (၁၉၀) ၊ Lebelage Ceramide Dera Ampoule အရေပြား  အားဖြည့်ဆေးရည်(၁၀၈) ကီလိုဂရမ်၊ တရုတ်နိုင်ငံထုတ် Spring စပရိန် ကီလိုဂရမ် (၅၅၀၀) KESITU Solar Camping Light မီးသီး အလုံး (၅၈၀)၊ Head Lamp ခေါင်းစွပ်ဓါတ်မီး (ကြိုးပါ) (၂၅၇၅)ကီလိုဂရမ်၊ ဆိုင်ကယ်အပိုပစ္စည်း GGG Spark Plug ခု (၄၀၀၀) အပါအဝင် ကုန်ပစ္စည်း (၇၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅,၅၉၂,၇၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus တစ်စီး၊ Nissan Diesel Truck တစ်စီး၊ Mitsubishi Truck နှစ်စီးနှင့် Kaung Myat Sann Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၆,၅၉၂,၇၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၈၆၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၉,၇၁၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၄,၆၂၃,၈၂၀) ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်