တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၇)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Meiji နို့ခဲ (၂၁၉)ဘူး၊ Skinvape ခြင်မကိုက်ဆေးရည်ဘူး (၁၉၈၀) ၊ Granite Tile (၂၈၇)စတုရန်းမီတာ၊ တရုတ်နိုင်ငံထုတ် Evaporative Condenser (၂)လုံးနှင့် Compressor (၂)လုံး၊ Traveling Cable Rope (၃၃၃)ကီလိုဂရမ်၊ Reversing Chain ဂီယာဘောက်ချိန်း (၂၆)ခု၊ Lycortin – S အကိုက်အခဲပျောက် ထိုးဆေး ပုလင်း (၁၀၀၀၀) အပါအဝင် ကုန်ပစ္စည်း(၂၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂,၁၇၁,၉၂၆) ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Cooling Tower and Pump (၆)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၁၉၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀,၃၆၁,၉၂၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၅၈/၁)နှင့် (၃၆၆/၀)၌ မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် 3 trees ပတ်တီးဆေးပုံး (၈၁)ပုံး၊ ထိုင်းနိုင်ငံထုတ် ဆန်ကြာဇံ ကီလိုဂရမ် (၆၂၀) ၊ ထိုင်းနိုင်ငံထုတ်လေဖောင်းမုန့် ကီလိုဂရမ် (၃၁၀) ၊ Simplus Air Fryer Oven မီးဖို ခု (၂၀) ၊ ကားအပိုပစ္စည်း Exedy Car Cluth Disc (၁၀)ခု၊ Kaniva ခွေးစာ (၂၆၄)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၂၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၄၈၃,၅၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Yutong Bus (၁)စီး၊ Ankai Bus (၁)စီးနှင့် King Long Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂,၄၈၃,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်
အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၇၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၁,၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၃,၇၀၆,၆၂၆ )ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်