တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၆

အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ IMPACT Exhibition Center ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံပေါင်း ၄၀ ကျော်မှ တပ်မတော်အကြီးအကဲများ တက်ရောက်ကြသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိ သူများကလိုက်လံရှင်းလင်း ပြသကြသည်။အဆိုပါကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာပြပွဲ (Defence & Security 2017) တွင် နိုင်ငံပေါင်း ၃၀ ကျော်မှ ပြခန်း ပေါင်း ၄၀၀ ကျော် ပြသထားရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN