တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြပွဲအားလေ့လာ

နေပြည်တော် နိုဝင်ဘာ ၇

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ IMPACT Exhibition Center ၌ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ ယနေ့ နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှု လေ့လာသည်။

တပ်မတော် ကာကွယ်ရေး ဦးစီချုပ်သည် အဖွဲ့ဝင်များနှင့်အတူ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အာဖရိကနိုင်ငံနှင့် အစ္စရေး နိုင်ငံတို့မှ ပြသထားသည့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများကို လှည့်လည်ကြည့်ရှု ကြသည်။

မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် ကြည်းတပ်၏ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ Gen. Konjanart Sukrasreni ကတည်ခင်း ဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

ညပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Tarnchaiyan Srisuwan က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)