တပ်ကုန်းမြို့တွင် ဆင်သေ-ပင်လောင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် လယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်

တပ်ကုန်း   ၁၃  မေ

 

နေပြည်တော် တပ်ကုန်းမြို့နယ် တဲမြင့်ကျေးရွာအုပ်စုအတွင်း တောင်သူများအား ဆင်သေ-ပင်လောင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် လယ်ယာမြေများအတွက် လျော်ကြေး ငွေပေးအပ်ခြင်း အခမ်းအနားကို မေ ၁၂ ရက် နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

 

3670

 

အခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က   ယနေ့ ပေးအပ်သည့် လျော်ကြေးငွေသည် ၂၀၁၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ဆင်သေ-ပင်လောင်း မီးရထားလမ်း စီမံကိန်းတွင် ပါဝင်ခဲ့သည့် လယ်ယာမြေလျော်ကြေးနှင့် သီးနှံလျော်ကြေးဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တုန်းက တစ်ကြိမ်  တောင်သူ(၁၂၅)ဦးရဲ့ လယ်ယာမြေ(၁၁၉.ဝ၈)ဧက  လယ်ယာမြေ လျော်ကြေးနှင့် သီးနှံလျော်ကြေးငွေ ပေးခဲ့ကြောင်းနှင့် ယနေ့ရရှိကြသော တောင်သူများလယ်ယာမြေ လျော်ကြေးနှင့် သီးနှံလျော်ကြေးငွေများကို မိမိလူနေမှုဘဝဖွံ့ဖြိုးရေးအတွက် အကျိုးရှိရှိအသုံးပြုရန် ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်တင့်နှင့် တာဝန်ရှိသူများက လယ်ယာမြေ လျော်ကြေးနှင့် သီးနှံလျော်ကြေးငွေ စုစုပေါင်း(၁၆၄၇၄၇၄၅၀)ကျပ်ကို  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)