တပ်ကုန်း နိုဝင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်(၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  ကဗျာရွတ်၊ ပုံပြောနှင့်ပန်းချီ ပြိုင်ပွဲများကို နိုဝင်ဘာ ၂၃ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်များဖြစ်သော စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ စာရေးဆရာမ မြသန္တာ(မြပုလဲ-တပ်ကုန်း)နှင့် ပြိုင်ဝင်ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီးနောက်  မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များဖြစ်သည့် စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ စာရေးဆရာမ မြသန္တာ(မြပုလဲ-တပ်ကုန်း)တို့က အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ပေးကြပြီး၊  ဆရာစံရပ်ကွက် နှင်းမူကြိုကျောင်းမှ ကဗျာရွတ်ပြိုင်ပွဲတွင် ၁၂ဦး၊ ပုံပြောပြိုင်ပွဲတွင် ၁၂ဦး၊ ပန်းချီပြိုင်ပွဲတွင် ၁၃ဦး တို့ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများ အသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲများအပြီးတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား သည့်  နံရံကပ်စာစောင်နှင့်စာအုပ်များကို  တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်၎င်းတို့၏ မိဘများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြန်ဆက်