တပ်ကုန်းမြို့နယ်  ကင်းသာရွာလမ်းခွဲ အဆုံချောင်းတံတားတွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဉီးသေဆုံး

တပ်ကုန်း ၂၂ ဇန်နဝါရီ

 

နေပြည်တော်  ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်  ကင်းသာရွာလမ်းခွဲ ၊ မိုင်တိုင်အမှတ် (၂၄၅/၇)၊ အဆုံချောင်း တံတားအနီးတွင် ရန်ကုန် မှ မန္တလေးသို့ မောင်းနှင်လာသော စိမ်းနုရောင် (၁၂)ဘီးယာဉ်နှင့် မန္တလေး မှ ရန်ကုန်သို့ မောင်းနှင်လာသော အဝါရောင်(၂၂)ဘီး နောက်တွဲယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး (၁၂)ဘီးယာဉ်သည် အဆုံတံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းသိရသည်။

 

963

 

ယာဉ်တိုက်မှုကြောင့် စိမ်းနုရောင်၊ (၁၂)ဘီးယာဉ်၏ ခေါင်းခန်းတွင် ညပ်နေသော အကူ ယာဉ်မောင်းဖြစ်သူ (သေဆုံး)ခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားရာသို့ တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

MDN

Crd, Myanmar Fire Services Department