မင်းဘူး   ၁၀  နိုဝင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့အတွင်းရှိ  စက္ကိန်းတဲစေတီတော်၊ နဂါးပွတ်တောင်နှင့် မန်းရွှေစက်တော် ဘုရားတို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်ခြင်းဖြင့် အထူးစည်ကား လျက်ရှိကြောင်း သိရသည်။

 

 “ကျွန်မတို့က စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့က လာတာပါ၊ ရုံးပိတ်ရက်က(၄)ရက် ကလေးတွေလည်း ကျောင်းပိတ်ရက်ဆိုတော့ မကွေးမြို့က အမျိုးတွေဆီ လာရောက်ခြင်းဖြစ်ပါတယ်၊ ကျွန်မတို့ စက္ကိန်းတဲဘုရားဖူးပြီး၊ နဂါးပွတ်တောင်ကို လာရောက်လေ့လာတာ ဖြစ်ပါတယ်၊ ဆက်လက်ပြီး မန်းရွှေစက်တော်ဘုရားကို သွားရောက်မှာဖြစ်ပါတယ်၊ ရုံးပိတ်ရက်ဆိုတော့ ဘုရားဖူးပြည်သူတွေ လာရောက်ကြတာတွေ့တော့  ဝမ်းသာမိပါတယ် ”ဟု ဒေါ်အေးအေးမြင့်က  ပြောသည်။

 

အလားတူ မင်းဘူးမြို့နယ်အတွင်းရှိ သမိုင်းဝင် မန်းရွှေစက်တော်ဘုရားတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်၍ ဧပြီလ ၁၇ ရက်နေ့ အထိ (၃)လ  နီးပါကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)

 

201911