တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့် အောက်စီဂျင်အိုးများလှူဒါန်း

mdn

တန့်ယန်း  သြဂုတ်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆောင်ရွက်လျှက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ အလှူငွေနှင့် အောက်စီဂျင်အိုးများ လှူဒါန်းပေးအပ်ပွဲကို သြဂုတ်လ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

 

အဆိုပါ လှူဒါန်းပေးအပ်ပွဲတွင် လားရှိုးမြို့ Cornerstone Resources Myanmar ကုမ္ပဏီလီမိတက်မှ တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ်သိန်း(၅၀)၊ အောက်စီဂျင် (40-L) အလုံး ၂၀ နှင့် Flow Meter  ခုရေ ၂၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။      

      
                             
မင်းလွင်ဦး(ပြန်/ဆက်)