တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

တန့်ယန်း  ၁၅  ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀  ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ် သံဃနာယကအဖွဲ့၊ စာမေးပွဲကြီးကြပ်ရေး ဦးဆောင်ဆရာတော်များအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီး ဌာနတို့က မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ယနေ့ မွန်းတည့် ၁၂ နာရီမှ စတင်ကျင်းပ ဖြေဆိုလျက်ရှိသည်။

 

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကြီးသို့ မြို့နယ်မှ တာဝန်ရှိဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ကြပြီး ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း စုစုပေါင်း (၈၅)ပါး စာရင်းပေးသွင်း ထားသော်လည်း  စုစုပေါင်း (၅၂)ပါးသာ ဝင်ရောက်ဖြေဆိုကြကြောင်းနှင့် ဇူလိုင် ၁၅ ရက်မှ ၂၂ ရက်အထိ မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း  သိရသည်။                                                                                                   

မင်းလွင်ဦး(ပြန်/ဆက်)