တွံတေး၌ တက္ကသိုလ်အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ကျင်းပမည်

တွံတေး စက်တင်ဘာ ၂၅

 

၂၀၁၉ - ၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်မြို့နယ်အောင်ချက်မြင့်မားရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်မှုဖြင့် တွံတေးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းများ အောင်ချက်မြင့်မားလာစေရေး ဘာသာရပ်ဆိုင်ရာ  ဆွေးနွေးပွဲကို စက်တင်ဘာ (၂၇)ရက်နေ့နံနက် (၁၀)နာရီတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ဘာသာရပ်ဆွေးနွေးပွဲတွင်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေနိုင်ဦး၏ ဖိတ်ကြားမှုအရ အင်္ဂလိပ်စာဝါရင့်ဆရာကြီး“စာသင်သန့်စင်”နှင့် ဆရာ/ဆရာမများက အင်္ဂလိပ်စာကိုဆွေးနွေးသင်ကြားပို့ချပေးမည်ဖြစ်ပြီး မည်သူမဆို တက်ရောက်သင်ယူ နိုင်ကြောင်း တက်ရောက်လိုပါက စက်တင်ဘာ (၂၇) ရက် နံနက်(၁၀)နာရီမှ (၁၂)နာရီထိ၊ မွန်းလွဲ (၁)နာရီမှညနေ(၃)နာရီထိဆွေးနွေးသင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။

 

မျိုးလှိုင် ( တွံတေး )