တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၂၄၇) ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၆၃ ဦးရှိ

တွံတေး ဇူလိုင် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကူးစက်မှုနှုန်းမြင့်မားလျက်ရှိရာ ဇူလိုင်(၁၅)ရက်အထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာ (၂၄၇) ဦး တွေ့ရှိပြီး သက်သာ၍ ဆေးရုံမှဆင်းခွင့်ရသူ (၆၃) ဦး၊ သေဆုံးသူ (၁၆) ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီထံမှ သိရှိရသည်။

 

မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံ၊ စင်တာများတွင် ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သက်ဆိုင်ရာ Isolation Work တွင် ထားရှိပြီး ၎င်းတို့၏ Contact Person တို့အား Home Quarantine ထား၍ အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိသည်။

 

တွံတေးမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှ  ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မြို့နယ် (ပြန်/ဆက်)