တွံတေး  ၂၄   ဖေဖော်ဝါရီ

 

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု ကရင်ချောင်းကျေးရွာတွင် စိုက်ပျိုး ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့် မီးဖိုများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက  ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ  မြို့နယ် ဦးစီးမှူး ဦးခင်မောင်ဦးနှင့်ဝန်ထမ်းများက ကရင်ချောင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖို (၁၀၈)လုံးကို ပြည်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ခဲကြောင်း သိရသည်။ 

 

အဆိုပါ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးရေး စီမံကိန်းတွင် တွံတေးမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာအုပ်စု(၂၄) အုပ်စု၊ကျေးရွာပေါင်း(၆၂)ရွာအား စွမ်းအားမြှင့်မီးဖို အလုံး(၉၀၀၀)ကို ဖေဖော်ဝါရီလ တတိယပတ် အတွင်းအပြီး ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။ 

 

မျိုးလှိုင် (တွံတေး)