တွံတေးမြို့နယ်၌ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

တွံတေး အောက်တိုဘာ ၁ 

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ဗွီနိုင်းပိုစတာ စိုက်ထူခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက လွတ်လပ်ရေး ကျောက်တိုင် (မီးပွိုင့်လမ်းဆုံ)၊ ရွှေဆံတော်ဘုရားလမ်းဆုံနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။

 

ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် အောက်တိုဘာ ၁ ရက်က မြိုနယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်း လူစည်ကားရာ နေရာများသို့ လှည့်လည်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

မြို့နယ်(ပြန် /ဆက်)