တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့  PPE ဝတ်စုံများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

တံတားဦး၊ ၁၈ ဒီဇင်ဘာ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက် လှူဒါန်းသည်။

 

ထိုသို့ လှူဒါန်းရာတွင် ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်မှ PPE ဝတ်စုံ ၅၀၊ Level-2  ဝတ်စုံ ၅၀၊ Cup အခု ၂၀ဝ၊ Hand GaL ၂၄ ဘူး ၊ Face Shield အခု ၂၅၀၊ Mask အခု ၇၀ဝ၊ ဆပ်ပြာဆီ ၂၄ ဘူး၊ လက်အိတ် အခု ၁၀ဝ၀ ကိုလည်းကောင်း၊ စကားအင်းကျေးရွာ ဦးဌေး-ဒေါ်ကျွဲ မိသားစုက Wheel Chair တစ်လုံးနှင့် အလှူငွေ ငါးသောင်းကျပ်ကိုလည်းကောင်း၊ တံတားဦးမြို့နယ် ဈေးချိုကျေးရွာ ဦးဘကွန့်-ဒေါ်မြင့်မြင့် (အင်းသူသရက်ချဉ်လုပ်ငန်း) မိသားစုက PPE ဝတ်စုံ ၂၀ ကိုလည်းကောင်း၊ တံတားဦးမြို့ ဥတည်ရပ် မယ်တော်ကြီး ဒေါ်ရူပသိင်္ဂီမှ အလှူငွေကျပ် တစ်သိန်းတို့ကို လာရောက်လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ရဲတင့်(ပြန်/ဆက်)