တံတားဦးကျေးရွာ၌ မီးဖိုးမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးဖိုဆောင်( စပါးကျီ) တစ်လုံး မီးလောင်

ကသာ ၂၃ မေ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပြည်သာယာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာတွင် ယနေ့နံနက်(၁၀) နာရီ(၄၀) မီနစ်ခန့်က မီးဖိုးမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးဖိုဆောင်(စပါးကျီ)တစ်လုံး မီးလောင်မှုဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ညပိုင်း ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ခဲ့သော မီးဖိုဆောင် (စပါးကျီ) သို့ မီးဖိုးမီးကြွင်းမီးကျန်မှ စတင် ကူးဆက်လာင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့  မီးငြိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ်(၂) စီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူလူထုများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင် ဒေါ်ရွယ်ဂျီးအား ကသာမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 


ဟန်မျိုးကျော်(ကသာ)