တန်ဖိုးမြှင့်စားသောက်ကုန် (မုန့်မျိုးစုံ)ထုတ်လုပ်နည်းသင်တန်း လွိုင်ကော်မြို့နယ်၌ ဖွင့်

လွိုင်ကော်   ၁၃  အောက်တိုဘာ     

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက် နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန် (မုန့်မျိုးစုံ) ထုတ်လုပ်နည်းသင်တန်း (၆/၂၀၁၈) ကို အောက်တို ဘာလ (၁၂)ရက်နေ့မှ စတင်ကာ အောက်တိုဘာလ (၂၁)ရက်နေ့ထိ (၁၀)ရက်ကြာ ပန်ကန်းကျေးရွာအုပ်စု၊ ထူဒူငံသရွာ ၊ ဘုရားရှိခိုးကျောင်းရှိ ခန်းမဆောင်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

မုန့်မျိုးစုံ ထုတ်လုပ်နည်းသင်တန်းတွင် ကိတ်၊ဂျေဒိုးနပ်၊ ကွက်ကီး၊ ကိတ်လိတ်၊ ပဲချောင်းကြော်၊ ပေါင်မုန့်၊ ငါးမုန့်ကြော်၊ ကြက်သွန်ပေါင်းကြော်၊ ခရမ်းချဉ်သီးဆော့ စသည်တို့ပါဝင်ပြီး သင်တန်းနည်းပြ (၂)ဦးဖြင့် ခောတ်မီစက်များဖြင့် သင်ကြားပေးလျက်ရှိရာ သင်တန်းသူ (၂၄)ဦး၊ သင်တန်းသား (၁)ဦးတို့ တက်ရောက်ကာ စာတွေ့လက်တွေ့ သင်ကြားလျက်ရှိ ကြောင်း သတင်းရရှိသည်။

ကိုစိုင်း (လွိုင်ကော်)