တနင်္သာရီတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့ဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေး

မြိတ်    ၂၆  ဇူလိုင်   

တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့ဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်တက္ကသိုလ်ဝင်းအတွင်း ပေ  (၁၂၀) ၊ ပေ (၅၀) RCC ရှစ်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ယာ တည်ဆောက်ရေးလုပ်ငန်း၊ (၂၉၂) ပေ၊ (၃၂) ပေ RCC လေးထပ် ကျောင်းသားအိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်း၊ ပေ  (၁၂၀) ၊ ပေ  (၅၀) RCC ခြောက်ခန်းတွဲ တစ်ထပ် စားသောက်ဆိုင် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအား  သတ်မှတ်ကာလအတွင်း  စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစွာ တည်ဆောက်ပေးကြရန်  မှာကြားခဲ့သည်။

 

mdn

 

ထိုနောက် ဆိပ်ငယ်‌ဈေး ပေ (၃၀၀)၊ (၁၀၉) ပေ၊ ပေ (၂၀) အမိုးပြုပြင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ သားဖွားသင်တန်းကျောင်း (မြိတ်) ပေ (၁၃၀)၊ ပေ (၄၀) RCC လေးထပ် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်း၊ ဘုရားကိုင်ရပ်ကွက်ရှိ တန်ဖိုးနည်း အငှားအိမ်ရာ ခြောက်ခန်း လေးထပ် အဆောက်အဦ တည်ဆောက်ပြီးစီးမှု၊ မြိတ်တောင် ကျေးရွာရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )