တနင်္သာရီတိုင်းဒေသကြီး  သရက်ချောင်းမြို့နယ်တွင် ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးမှ အပြင်သို့ထွက်ခွာကြရန် ပညာပေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိ

သရက်ချောင်း   ၂၅   ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မဖြစ်မနေ အပြင်သို့ထွက်ရပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ သွားကြရန် အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက် ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက်နှင့် ကျေးရွာအုပ်စုလမ်းမများတွင် နေ့စဉ် တာဝန်ကျဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ နှာခေါင်းစည်း(Mask)များတပ်ဆင် အသုံးပြုရေး အသိပညာပေးလုပ်ဆောင်ကြရာတွင် သရက်ချောင်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်သော အသိပညာပေးရေးအဖွဲ့(၈)ဖွဲ့ကို သီးခြားတာဝန်များ ခွဲပေးထားပြီးဖြစ်ရာ ထိုအဖွဲ့များမှ မိမိတာဝန်ကျ ရပ်ကွက်/ကျေးရွာများတွင် နေ့စဉ်အသိပညာပေးရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သရက်ချောင်း(ပြန်/ဆက်)