တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းသား ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ထားဝယ်    ၂၉  ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလတွင် အသင်းသား ဝန်ထမ်း(၁၉၃)ဦးအား ထောက်ပံ့စ္စည်းများပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်နှင့် အသင်းသား အမှုဆောင်များက သက်သာချောင်ချိရေးအတွက် အသင်းသားတစ်ဦးလျှင် ဆီ(၁)ပိဿာ၊ ဆပ်ပြာမှုန့်(၁)ထုတ် စုစုပေါင်း အသင်းသားဝန်ထမ်း (၁၉၃)ဦးအတွက် ထောက်ပံ့ပစ္စည်းတန်ဖိုး ငွေကျပ် (၉၄၁၁၀၀ )ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)