တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများထားရှိမည့် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဇူလိုင် ၁၇

မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသဖြင့် ကူးစက်ခံရသူ အရေအတွက် နေ့စဉ်မြင့်တက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများထားရှိမည့် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုနောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူးတို့က ထားဝယ်ပြည်သူ့ဆေးရုံးကြီးဝင်းအတွင်း အောက်စီဂျင်စက် ထားရှိမည့်နေရာအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ အားမှာကြားခဲ့သည်။

mdn

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများထားရှိမည့် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြု သင်တန်းကျောင်းရှိ အဆောင်များတွင် အိပ်ယာနှင့် နေရာအထိုင်အခင်း၊ စားသောက်ဖွယ်ရာ၊ ရေချိုးခန်း၊ အိမ်သာ၊ ရေမီး လုံလောက်စွာ ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပိုးတွေ့လူနာများအတွက် ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် (၅၈) ဦးနှင့် သူနာပြုသင်တန်းကျောင်းတွင် (၁၉၂) ဦး စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ပိုးတွေ့လူနာဦးရေအပေါ်မူတည်၍ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် နေရာအထိုင်အခင်း လုံလောက်စွာရှိကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်း တာဝန်ခံများက ပိုးတွေ့လူနာများအတွက် ဝိုင်ဖိုင်အင်တာနက်နှင့် ဘော်လန်ဒီယာများအတွက် စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက် ပေးစေလိုကြောင်း ရှင်းလင်းတင်ပြရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)