တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့ နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး  ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

ထားဝယ်    ၃     ဧပြီ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက အဖွင့် အမှာစကား ပြောကြားခဲ့သည်။

ပထမပွဲစဉ်အဖြစ်အမျိုးသား ထားဝယ်အသင်းနှင့် လောင်းလုံးအသင်း အကျိတ်အနယ် ယှဉ်ပြိုင် ကစားနေမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်အသင်းက အနိုင်ရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲအား ဧပြီ  ( ၈ )  ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်း ရရှိသည်။

MDN

 

mdn

 

mdn