တနင်္သာရီတိုင်း ဒေသကြီးတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

နေပြည်တော်   ၂၄   အောက်တိုဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်များတွင် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ထားဝယ်)ရုံးခွဲ၏ဦးဆောင်မှု ၊ International Trade Center(ITC) ၏စီစဉ်မှုဖြင့် ထားဝယ်ဒေသခရီးသွားလုပ်ငန်းဈေးကွက်မြှင့်ရေးနှင့် ဈေးကွက်ရှာဖွေ ရေး B2B Networking နှင့် FAM Trip အစီအစဉ်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။

 

 (၂၃.၁၀.၂၀၁၉) ရက်နေ့ ညနေပိုင်းတွင် B2B Net -working အစီအစဉ်အား ထားဝယ်မြို့ရှိ Dawei Art Space ၌ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ထားဝယ်)ရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးညိုအေးက အဖွင့်အမှာစကားပြောကြားပြီး International Trade Center (ITC)တနင်္သာရီ တိုင်းဒေသကြီးတာဝန်ခံက တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ITC မှ Mr. Peter Richards က FAM Trip သွားရောက်လေ့လာမည့် ထားဝယ်မြို့ရှိ ရှေးဟောင်း အဆောက်အဦများ၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် ရေဖြူမြို့နယ်ရှိ ကလုံးထာကျေးရွာနှင့် လောင်းလုံးမြို့နယ်ရှိ တီဇစ်ကျေးရွာတို့တွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။

 

အခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ထားဝယ်ရုံးခွဲမှ ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများ၊ ရန်ကုန်မြို့ အခြေစိုက် Tour Operatorများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မှ Tour Operator များ၊  ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ထားဝယ်)မှ ကိုယ်စားလှယ်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ၊ ITC မှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၀) ခန့် တက်ရောက်ခဲ့ကြသည်။

 

FAM Trip အစီအစဉ်အတွင်း ရန်ကုန်မြို့နှင့်တနင်္သာရီတိုင်းတို့မှ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ အဖွဲ့သည်(၂၄.၁၀.၂၀၁၉) ရက်နေ့နှင့်(၂၅.၁၀.၂၀၁၉) ရက်နေ့တို့တွင် ထားဝယ် မြို့တွင်းရှိ ရှေးဟောင်း အဆောက်အဦများနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်နေသည့် ရေဖြူမြို့နယ်ရှိ ကလုံးထာကျေးရွာ နှင့်လောင်းလုံးမြို့နယ်ရှိ တီဇစ်ကျေးရွာများသို့ သွားရောက်ကြမည်ဖြစ်ပြီး အောက်တိုဘာ ၂၆  ရက်နေ့တွင် ပင်လယ်ပြင် ခရီးစဉ်များအား ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

MDN