တနင်္သာရီမြို့နယ် အထက်ဂဏန်းကွင်းလှေဆိပ်တွင် ငွေကျပ် ၉၆၅ သိန်းတန်းဖိုးရှိ ဘိန်းစာမှုန့်အိတ်များ ဖမ်းဆီးရမိ

တနင်္သာရီ ၁၉  သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် သြဂုတ် ၁၈ ရက်က ငွေကျပ် ၉၆၅ သိန်းတန်ဖိုးရှိ ဘိန်းစာမှုန့်အိတ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

727

 

ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စု တောင်ဘိန်း(၁)ကျေးရွာ ဒေသအခေါ် (အထက်ဂဏန်းကွင်း)ရွာရှိ သကျက်ချောင်းအတွင်း၌ သြဂုတ် ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ပူးပေါင်းရဲတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အထက်ဂဏန်းကွင်း လှေဆိပ်တွင် မသင်္ကာဖွယ် ရပ်ထားသည့် စက်လှေတစ်စီးအား  စစ်ဆေးခဲ့ရာ ငွေကျပ် ၉၆၅ သိန်းတန်ဖိုးရှိ ဘိန်းစာမှုန့် ၃၇ အိတ်နှင့်အတူ အမျိုးသားနှစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

812

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းဆီးရမိသော ဟိန်းစိုး(၂၉)နှစ် မဲတောကျေးရွာ ကျွန်းစုမြို့နယ်နေသူနှင့် အောင်ဇော်ဦး (၂၈)နှစ် မြိတ်မြို့နေသူတို့ (၂)ဦးအား တနင်္သာရီ မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြင့်ဦး(မြိတ်)