ဧပြီ ၉
တန်ဇန်းနီးယားနိုင်ငံနေရာအနှံ့အပြားတွင် လွန်ခဲ့သောခုနစ်ရက်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် အရွယ်ရောက်သူ သုံးဦးနှင့် ကလေး ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။ တန်ဇန်းနီးယားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ David Misime က မိုးများဆက်လက်ရွာသွန်းလျက်ရှိရာ ၎င်းတို့၏ကလေးများကို ဂရုစိုက်ကာကွယ်ကြရန် မိဘများနှင့်အုပ်ထိန်းသူများအား တိုက်တွန်းပြောကြားထားသည်။ မိုးရွာသွန်းစဉ်ကာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားသည့်ဒေသများတွင် ကလေးများဆော့ကစားခြင်းကိုစောင့်ရှောက်ကာကွယ်ကြရန် ဘာသာရေး ခေါင်းဆောင်များနှင့် ဆရာ၊ ဆရာမများကိုလည်း တိုက်တွန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို