တနိုင်းမြို့နယ်တွင် စိုက်ပျိုးမြေဖော်ထုတ်ပြီးစီးမှုအပေါ် ခွဲဝေချထားပေးနိုင်ရန် လျာထားဆောင်ရွက်

တနိုင်း ၉  ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမြေဖော်ထုတ်ပြီးစီးမှုအပေါ်  ခွဲဝေချထားပေးနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့  မွန်းလွဲပိုင်းက (ဒိုင်ဖား၊ ခလုံး၊ တဆိတ်၊ ရှိန်လုံဂါး) ကျေးရွာ အုပ်စုများရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ကျင်းပဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါစိုက်ပျိုးမြေဖော်ထုတ်ပြီးစီမှုများအား ခွဲဝေချထားပေးနိုင်ရေးအတွက် အားနည်း ချက်များ မရှိစေရန် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ ဌာနဆိုင်ရာများ နှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများလိုက်ပါလျက် တနိုင်းမြို့နယ် ရှိန်လုံဂါး ကျေးရွာအုပ်စု ပန္နက်ကျေးရွာရှိ ဒေသခံတောင်သူ (၄၀) အတွက် ဧက(၁၀ဝ)အား တစ်ဦး လျှင်(၂.၅)ဧကနှုန်းဖြင့်လည်းကောင်း၊ တရုံကျေးရွာအုပ်စု ဒိုက်ဖားကျေးရွာ ရှိဒေသခံတောင်သူ(၁၇)ဦးအတွက် ဧက(၅၀)အား တစ်ဦးလျှင် (၃)ဧကနှုန်းဖြင့်လည်းကောင်း၊ ခလုံးကျေးရွာရှိ ဒေသခံတောင်သူ(၅၀)  အတွက် ဧက(၁၀ဝ)အား တစ်ဦးလျှင် (၂)ဧကနှုန်းဖြင့်လည်းကောင်း၊ ခလုံးကျေးရွာအုပ်စု တဆိတ်ကျေးရွာရှိ ဒေသခံ တောင်သူ(၂၆)ဦး အတွက် ဧက(၅၀)အား တစ်ဦးလျှင် (၂)ဧကနှုန်းဖြင့်လည်းကောင်း စုစုပေါင်း စိုက်ပျိုးဧက(၃၀ဝ) တောင်သူ(၁၃၃)တိုးအား မဲစနစ်ဖြင့် စနစ်တကျခွဲဝေချထားပေးနိုင်ရန် လျာထား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)