တနိုင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

တနိုင်း ၇ ဇွန်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားနပ် ရိက္ခာဖူလုံမှုရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနမှ ဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တနိုင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ များကို  (၁)လစာ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ကင်ဆားရာရပ်ကွက်ရှိ KBC Camp စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု(၁၀၈)စု အတွက် ဆန်(၁၄၂)အိတ် (၁၉)ပြည်နှင့် (၄)ဗူး၊ ဆီ(၂၁၆)ပိဿာ၊ ပဲ(၂၁၆)ပိဿာ၊ ဆား(၁၀၈)ပိဿာ အားလည်းကောင်း၊ ပုန်ခုန်းရပ်ကွက်ရှိ RC Camp စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု(၁၅၆)စုအတွက်  ဆန်(၂၂၅)အိတ်နှင့် (၁၅)ပြည်၊ ဆီ(၃၁၂)ပိဿာ၊ ပဲ(၃၁၂)ပိဿာ၊ ဆား(၁၅၆)ပိဿာအားလည်းကောင်း၊ မုန်ဒိန်ရပ်ကွက်ရှိ AG Camp စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု(၄၅)စုအတွက် ဆန်(၆၇)အိတ်၊ (၁၉)ပြည် နှင့်(၄)ဗူး၊ ဆီပိဿာချိန် ၉၀၊ ပဲ ပိဿာချိန် ၉၀ နှင့် ဆား(၄၅)ပိဿာအားလည်းကောင်း၊ အေးသုခရပ်ကွက်ရှိ CoC Camp စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု(၄၅)စုအတွက် ဆန်(၆၁)အိတ် (၁၃)ပြည် နှင့်(၄)ဗူး၊ ဆီပိဿာချိန် (၉၀)၊ ပဲ ပိဿာချိန် ၉၀နှင့် ဆား(၄၅)ပိဿာအားလည်းကောင်း စုစုပေါင်းအိမ်ထောင်စု(၃၅၄)စုရှိ လူဉီးရေ(၁၅၉၃)ဉီး အတွက် အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်း(၄)မျိုးကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနမှ ဝန်ကြီးနှင့် အဖွဲ့များ၊ ပြည်နယ်ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဉီးစီးမှူးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)