တနိုင်းမြို့၌ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ၏ လူနေမှုဘ၀ မြှင့်တင်ပေးနိုင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။ 

သင်တန်းတွင်  ယိုမျိုးစုံပြုလုပ်နည်း၊ တာရှည်ခံဖျော်ရည်ပြုလုပ်နည်း၊ မန်ကျည်းတော်ဖီ ပြုလုပ်နည်း၊ ဆပ်ပြာရည် ပြုလုပ်နည်း၊ ခေါင်းလျှော်ရည် ပြုလုပ်နည်း၊ ရေချိုးဆပ်ပြာ ပြုလုပ်နည်း၊ လက်ကိုင်အိတ်ထိုးနည်းများကို သင်တန်းသူ(၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းပို့ချနေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းမှ သင်တန်းသူများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

 

တနိုင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မိမိဦးစီးဌာန၏ ရည်ရွယ်ချက်အား အကောင်အထည်ဖော်နိုင်ရန် တနိုင်းမြို့နယ်အတွင်း ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းသင်တန်း (၂)ခု လျာထားဆောင်ရွက်ထားပြီး ယခုသင်တန်းအား ဒီဇင်ဘာ ၆ မှ ၂၀ ရက်အထိ ၁၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)