တနိုင်းမြို့ ကားကြီးဝန်းအတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူနှစ်ဦး ဖမ်းမိ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ ကားကြီးဝန်းအတွင်း ဒီဇင်ဘာ ၁၅ ရက်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးထံမှ ဘိန်းဖြူများ ထည့်ထားသည့် ဆပ်ပြာခွက် ၂၂  ခွက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ သတင်းအရ တနိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ကိုကို ဥိီးစီးအဖွဲ့သည် ဒီဇင်ဘာ ၁၅  ရက်က တနိုင်းမြို့ ကင်ဆားရာ ကားကြီးဝန်းအတွင်း စောင့်ဆိုင်းနေစဉ် ရွှေကချင်ကားဂိတ်ရှေ့၌ မောင်ဇော်(၄၅)နှစ်၊ (ဘ)ဦးဖိုးအုန်းနှင့် မိုးခိုင်(ခ)မဝိုင်း၊ (၃၉)နှစ်တို့အား တွေ့ရှိ၍ စစ်ဆေးရှာဖွေရာ ဘိန်းဖြူမှုန့်များ ထည့်ထားသော ဆပ်ပြာခွက် ၂၂ ခွက် ကာလတန်ဖိုး ငွေကျပ် ၁၆၉၄၀ဝ၀ဝ ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

 

ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်ဇော်(၄၅)နှစ်နှင့် မိုးခိုင်(ခ)မဝိုင်း  (၃၉)နှစ်တို့ နှစ်ဦးအား တနိုင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)