တန်ဆေးလွန်ဘေး

 

ကူးစက်မြန်ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့ခြင်း မှ ကာကွယ်ရန် အသွားအလာကန့်သတ်ခြင်းကို မဖြစ်မနေပြုလုပ် ရသည်။ ယင်းသို့ ကန့်သတ်တားဆီးထားရခြင်းမှာလည်း ထိုသူသည် လတ်တလောအားဖြင့် ရောဂါလက္ခဏာပြသခြင်း မရှိသေးသည့်တိုင် ရောဂါပိုးကို သယ်ဆောင်သူဖြစ်နေနိုင်ခြင်းကြောင့်ပင်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများ၊ ပြည်ပနိုင်ငံများနှင့် ကိုဗစ်-၉ ရောဂါဖြစ်ပွားနေသည့် ဒေသများမှ ပြန်လည်ရောက်ရှိလာသူများကို ရောဂါပိုးသယ်ဆောင်လာသူများ ဖြစ်နိုင်ခြေရှိသူများအဖြစ် သတ်မှတ်ကာ အသွးအလာ ကန့်သတ်တားဆီးပြီးရောဂါပျိုးချိန်ကာလတစ်ရပ်တွင် စောင့်ကြည့် ခြင်းအားဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်သည်။

ရောဂါပိုးသယ်ဆောင်ထားသည့် ဖြစ်နိုင်ခြေရှိသူကို စောင့်ကြည့် ရသည့်ကာလ စုစုပေါင်း ၂၈ ရက်တွင် ပထမ ၂၁ ရက်သည် ပြည်သူ လူထုပူးပေါင်းကူညီစောင့်ရှောက်မှုပေးထားသည့် သတ်မှတ်နေရာ အဆောက်အအုံတွင် ထားပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ် (Community Based Facility Quarantinelozeclosques) ဖြစ်ပြီး ၂၁ရက်ပြီးမြောက်ပါက ၎င်း၏နေအိမ်တွင် ထပ်မံ၍ခုနစ်ရက် Home Quarantine ဝင်ကြရမည်ဖြစ်သည်။ ကန့်သတ်စောင့်ကြည့် မှု ခံယူနေရဆဲကာလအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ရန်အတွက် ထုတ်ပြန်ထားသည့် နည်းလမ်းများအတိုင်း နေထိုင်ရ ခြင်း၊ သီးခြားခွဲ၍ နေထိုင်ရခြင်းစသည်တို့က ကန့်သတ်စောင့်ကြည့် ခြင်း ခံရသူအဖို့ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ဖြစ်ပေါ်စေ သည်။ သို့ရာတွင် ယင်းသို့ ကန့်သတ်တားဆီးမှု၊စောင့်ကြည့်စစ်ဆေးမှု တို့ကို ခံယူကြရခြင်းမှာ မိမိနှင့်တကွ မိမိ၏မိသားစု၊ မိမိပတ်ဝန်းကျင် သို့ ရောဂါပိုးကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှု ပြုလုပ်ခြင်းဖြစ်သည်ကို မှန်ကန်စွာ နားလည်ခံယူပြီး စိတ်ဓာတ် တည်ငြိမ်ခိုင်မာစွာဖြင့် ၂၈ ရက်တာကာလကို ဖြတ်သန်းကြရမှာ ဖြစ်သည်။

 

သတ်မှတ်နေရာ အဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Based Facility Quarantine) နှင့် အခြား Quarantineအစီအစဉ်များတွင် ပါဝင်နေသူများအတွက် စိတ်ပိုင်းဆိုင်ရာ အကြံပြုချက်ကိုးချက်ကို ထုတ်ပြန်ပေးထားရာ ဂရုတစိုက်ဖတ်ရှုပြီး လိုက်နာကျင့်သုံးခြင်းအားဖြင့် အကျိုးရှိကြမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် မိုဘိုင်းဆက်သွယ်ရေး နည်းပညာများနှင့် လူမှုကွန်ရက်သုံးစွဲမှုများ ဖွံ့ဖြိုးထွန်းကားနေခြင်း က ကောင်းကျိုးရော၊ ဆိုးကျိုးပါကြီးကြီးမားမားရှိနေသည်။ သတင်းဆက်သွယ်ရေးနှင့် လူမှုကွန်ရက်တို့မှတစ်ဆင့် မိသားစုများ၊ ဆွေမျိုး မိတ်ဆွေသင်္ဂဟများနှင့် အချိန်မရွေး ဆက်သွယ်နိုင်ခြင်း၊ သတင်း အချက်အလက်များနှင့် ဆောင်ရန် ရှောင်ရန် အကြံပြုချက်များကို အချိန်နှင့်တစ်ပြေးညီရရှိနိုင်သလို ကောလာဟလများ၊ သတင်းမှား များ၊ မဟုတ်မမှန်ရေးသားထားသည့် အချက်အလက်များ၊ ဆေးမြီးတိုများ စသည်တို့ကိုလည်း ရရှိနိုင်ရာ ဆင်ခြင်တုံတရား ဖြင့် ခွဲခြားနိုင်ရန် လိုအပ်သည်။

 

အထူးအားဖြင့် လူမှုကွန်ရက်များကို နေ့ရောညပါ အချိန်များစွာကြည့်ပြီး ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်များနှင့် အချိန်ကုန်နေတတ်ခြင်းက တန်ဆေးလွန်ဘေးဆိုသည့် စကားကဲ့သို့ပင် အကျိုး ရှိခြင်းထက် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတို့ကို ပိုမိုဆိုးရွားလာစေတတ် သည်ဟူ၍ အကြံပြုထားရာ ရှောင်ကြဉ်ကြဖို့ပင် ဖြစ်သည်။ မိမိ တို့ ပြည်သူတစ်ဦးချင်းအနေဖြင့် သတင်းအချက်အလက်မှန်များ ကို မိမိအတွက် မိမိ မိသားစုအတွက် လိုအပ်သလောက်သာ ရယူ ကြပြီး ကျန်းမာရေးအတွက် မှန်ကန်ကောင်းမွန်သည့် အကြံပြုချက် များကို အလေးထားလိုက်နာ ကျင့်သုံးကြခြင်းကသာ အခြေအနေ အချိန်အခါနှင့်ကိုက်ညီပြီး အကျိုးရှိနိုင်မည်ဖြစ်သည်ဟု တိုက်တွန်း လိုပါကြောင်း။ ။

မြန်မာ့အလင်း