တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ၌ နေပြည်တော်ရှိ ဘုရား၊ စေတီ၊ ပုထိုး များတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား

နေပြည်တော်  ၁၁  နိုဝင်ဘာ

 

ယနေ့ ကျရောက်သည့် ၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ တွင် နေပြည်တော်ကောင်စီနယ်မြေရှိဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူး လာ ရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဥပုပ်သီလဆောက်တည်ကြ သူများ ဖြင့် စည်ကားလျက်ရှိသည်။

 

MHP_2287.JPG

 

နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၁)ကြိမ် မြောက် တန်ဆောင်တိုင်ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားနှင့် အကြိမ် (၁၂၀)မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်း အနားကို ယနေ့နံနက် ၉နာရီ ၄၅မိနစ်တွင် အဆိုပါ စေတီတော်လှိုဏ်တော်၌ ကျင်းပသည်။

 

MHP_2256.JPG

 

အခမ်းအနားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့် နှင့် တာဝန်ရှိသူများက စေတီတော်လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာ ကျောက်စိမ်း ရုပ်ပွား ဆင်းတုတော်များအား တန်ဆောင်တိုင် ရွှေကြာသင်္ကန်းနှင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

 

MHP_2308.JPG

 

ထို့နောက် နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် စာချ နာယက သာသနဓဇ၊ ဓမ္မာစရိယ ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ ထံမှ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် နှင့် ဧည့်ပရိသတ်များက ကိုးပါး သီလခံယူဆောက် တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော် များကို နာယူကြသည်။

 

MHP_2315

 

ယင်းနောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူ ဒါန်းကြ သည်။

 

ဆက်လက်၍ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် စာချ နာယက သာသနဓဇ၊ ဓမ္မာစရိယ ဆရာတော် ထံမှ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှ ပေးဝေကြသည်။

 

HNN_3768

 

ညနေပိုင်းတွင် စေတီတော်လိုဏ်တော်အတွင်း၌ နေပြည်တော်ကောင်စီနယ်မြေရှိ ဝတ်အသင်းများက ဝတ်ရွတ်ပူဇော်ကြပြီး စေတီတော် ရင်ပြင်တွင် ဘုရားရှင် အား ရည်မှန်း၍ ဆီမီး (၉၀ဝ၀) ပူဇော်ကြရာ ဘုရားဖူး ပြည်သူများဖြင့် စည်ကား လျက်ရှိ သည်။

 

HNN_3753.JPG

 

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်နှင့် သံဝေဇနိယလေးဌာန၊ သကျရံသီရပ်တော်မူ ရုပ်ရှင်တော် မြတ်ကြီး၊ ဓာတုစယဓာတ်ပေါင်းစုစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခမ်းကြီးဘုရား၊ လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်၊ ရန်အောင်မြင်စေတီတော်၊ ဖောင်တော် ချက်မဘုရားနှင့် အခြားဘုရား၊ စေတီ၊ ပုထိုးများတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ် များမှ ဘုရားဖူးပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ မိသားစုဖြင့်သော်လည်း ကောင်း၊ သူငယ်ချင်းများဖြင့်သော်လည်းကောင်း လာ ရောက်ကြသည့် ဘုရားဖူးသူများ၊ ကုသိုလ်ကောင်းမှု ပြုသူများ ဖြင့် စည်းကား လျက်ရှိသည်။

 

ထို့ပြင် တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိုင်းရင်းသားကျေးရွာ၊ ရေပူစမ်းတို့ တွင်လည်း အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည့်အပြင် ညပိုင်းတွင်လည်း ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားရှင်အားရည်မှန်း၍ ဆီမီးပူဇော် ကုသိုလ်ယူကြ သူများဖြင့် စည်ကားလျက်ရှိသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်