တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် ယခုလကုန်တွင် လျှောက်ထားနိုင်

နေပြည်တော် ၆ ဇွန်

 

တက္ကသိုလ်ဝင်တန်း အဖြေလွှာပြန်လည်စစ်ဆေးပေးရန်အတွက် ယခုလကုန်တွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် အမှတ်စာရင်းများကိုလည်း ထုတ်ပေးလျက်ရှိရာ မိမိတို့ အောင်စာရင်းရလဒ်နှင့် အမှတ်စာရင်းရလဒ်များအပေါ် သံသယရှိပါက အဖြေလွှာပြန်လည် စစ်ဆေးပေးခြင်းများကို ယခုလကုန်တွင် လျှောက်ထားနိုင်မည် ဖြစ်သည်။

 

အဖြေလွှာပြန်လည်စစ်ဆေးပေးရန် တောင်းဆိုမည်ဆိုပါက တစ်ဘာသာလျှင် ငွေကျပ် ၅၀ဝ၀ နှုန်းဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သွားရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။

 

လျှောက်ထားလိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်၊ ပြန်လည်စစ်ဆေးပေးလိုသည့်ဘာသာရပ်၊ ခုံအမှတ်နှင့်စာစစ်ဌာန၊ နေရပ်လိပ်စာအပြည့်အစုံတို့ လိုအပ်မည်ဖြစ်ပြီး ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ပြီး ပါက ရလဒ်ကို ၎င်းတို့နေအိမ်အရောက်ပြန်လည် အကြောင်းကြားပေးသွားမည်ဖြစ်သည်။

 

ယင်းကဲ့သို့ လျှောက်ထားရာတွင် သက်ဆိုင်ရာမှ အဖြေလွှာများကို ပြန်လည်စိစစ်ပေးမည်ဖြစ်သော်လည်း အဖြေလွှာများကို ကြည့်ရှုခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။

 

၂၀၁၅ ခုနှစ်က ကျောင်းသားတစ်ဦးသည် ဘာသာစုံဂုဏ်ထူးရရှိနေသော်လည်း အောင်စာရင်းထွက်ရှိချိန်တွင် ငါးဘာသာဖြင့်သာ အောင်မြင်ခဲ့သည့်အတွက် အဖြေလွှာပြန်လည်စိစစ်ရန် တောင်းဆိုခဲ့ရာ အဆိုပါကျောင်းသားမှာ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ကြောင်းကို ပြန်လည်ကြေညာပေးခဲ့ကြောင်း သိရသည်။ 

 

ယင်းကဲ့သို့ တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပြန်လည်စစ်ဆေးပေးခြင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၁၀ ခုနှစ်မှ စတင်ပြုလုပ်ပေးခဲ့သည်။

 

MDN
Source - Myanmar Education Directory