တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ အထူးချွန်ဆုံး ကျောင်းသားများကို ဂျပန်နိုင်ငံ လေ့လာရေးခရီးစဉ် ရွေးချယ်စေလွှတ်မည်

ရန်ကုန် ၁၄ ဇွန်

 

မြန်မာ-ဂျပန်ချစ်ကြည်မှုမှသည်၊ ကျောင်းသားလူငယ်ချင်း ချစ်ခင်ရင်းနှီးမှု တိုးမြှင့်ခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ပညာရေး ကဏ္ဍတွင် ဘက်စုံထူးချွန် ထက်မြက်ပြီး ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ အမှတ်အများဆုံးနှင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို လာမည့်အောက်တိုဘာလတွင် ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်အဖြစ် စေလွှတ်မည်ဟု မြန်မာ-ဂျပန်အသင်းရုံးမှ ထုတ်ပြန်ကြေညာလိုက်သည့် သတင်းတစ်ရပ်ကို ကြားသိရသည်။

 

အဆိုပါ ခရီးစဉ်မှာ ၂၀၁၄ ကစတင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများကို နှစ်စဉ် ဂျပန်နိုင်ငံသို့ လေ့လာရေးအဖြစ် စေလွှတ်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ လေ့လာရေး ခရီးစဉ်တွင် ပါဝင်ခွင့်ရမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဂျပန်နိုင်ငံသို့ ခုနှစ်ညအိပ် ရှစ်ရက်ကြာသွားရောက် ရမည်ဖြစ်သည်။

 

သို့ဖြစ်ပါသောကြောင့် လူတွေ့စစ်ဆေး၍ အထူးချွန်ဆုံးသူများကို ရွေးချယ်ရန် အဆိုပြုလွှာ တင်သွင်းနိုင်ရေးအတွက် ရွေးချယ်ရန် မဏာမ စာရင်းတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်မြို့ရှိ မြန်မာ-ဂျပန်အသင်း (MJA) ရုံးခန်း၊ Shwe Zaby River View Complex 23-G-1,No.3B,Tower A&C, အထမထပ်၊ ကမ်းနားလမ်း၊ အလုံမြို့နယ်တွင် အဆိုပြုလွှာ ပုံစံများကို အခမဲ့လာရောက်ထုတ်ယူပြီး ဇူလိုင် (၁၀)ရက်နေ့အရောက် ပေးပို့ရမည်ဟု သိရသည်။

 

ကျော်သက်ဝင်း (KWT)