တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းများ အချိန်ပြောင်းလဲထုတ်လွှင့်မည်

နေပြည်တော် ၁၈ ဇူလိုင်

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့မှစပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့အထိ နေ့စဉ် နံနက်၆ နာရီမှစပြီး ရခိုင်၊ ရှမ်း၊ ‘ဝ’ ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင် ၊ ချင်း(လိုင်ဇိုး) ၊ ချင်း(ချိုး)၊ မွန်ဘာသာ အစီအစဉ်များကို ည ၂၃:၀၀ နာရီ အထိ ထုတ်လွှင့်လျက်ရှိသည်။

 

ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၁) ရက်နေ့ မှစပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့ အထိ နေ့စဉ် နံနက်(၆)နာရီမှ (၈) နာရီအထိ ရှမ်း ဘာသာ အစီအစဉ်၊ နံနက်(၈)နာရီ မှ (၁၀)နာရီအထိ 'ဝ' ဘာသာ အစီအစဉ်၊ နံနက် (၁၀)နာရီ မှ မွန်းတည့်(၁၂)နာရီအထိ ကချင်ဘာသာအစီအစဉ်၊ မွန်းတည့် (၁၂) နာရီ မှ မွန်းလွဲ (၂)နာရီ အထိ ကယား ဘာသာအစီအစဉ်၊ မွန်းလွဲ (၂)နာရီ မှ (၃) နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ ညနေ (၃)နာရီ မှ (၄)နာရီအထိ အနောက်ပိုးကရင်ဘာသာအစီအစဉ်၊ ညနေ(၄) နာရီ မှ (၅)နာရီအထိ အရှေ့ပိုးကရင် ဘာသာ အစီအစဉ်၊ ညနေ(၅)နာရီမှ (၆) နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာ အစီအစဉ်၊ ညနေ(၆) နာရီမှ (၇)နာရီအထိ ချင်း(ချိုး)ဘာသာ အစီအစဉ်၊ ည(၇)နာရီ မှ (၈)နာရီအထိ မွန်ဘာသာ အစီအစဉ်၊ ည(၈) နာရီမှ ည(၁၁) နာရီအထိ ရခိုင်ဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)