တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိဘဲ တုပထုတ်လုပ်ထားသော တိုင်းရင်းဆေးဝါး ဖြစ်ကြောင်း အသိပေးနှိုးဆော်

နေပြည်တော် ၄ နိုဝင်ဘာ

 

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ ရွှင်လန်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် ရွှင်လန်း (အဆစ်အမျက် အကိုက်အခဲသောက်ဆေး ဆေးမှုန့်)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင် ထားခြင်းမရှိဘဲ တုပထုတ်လုပ်ထားသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသိပေးနှိုးဆော်ထားသည်။

 

2

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပြီး အများပြည်သူတို့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များ သည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။

 

MDN