တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရတဲ့ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းမှာ လချီနဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်နိုင်

၄ နိုဝင်ဘာ 

လူပေါင်း ၂၆၀,၀၀၀ နေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းမှာ တိုင်ဖွန်းမုန်တိုင်း ဂိုနီဒဏ်ကြောင့် လျှပ်စစ်မီးမရှိဘဲ လနဲ့ချီပြီး နေထိုင်ရနိုင်ကြောင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ပြောကြားပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအစွန်ရှိ လူဇွန်ကျွန်းရဲ့တောင်ပိုင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေက တစ်နာရီ မိုင် ၁၄၀ နှုန်းနဲ့ ဂိုနီ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တိုင်ဖွန်းဂိုနီကြောင့် အိမ်ပေါင်း ၂၅,၀၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။ အဲဒီဒေသမှာ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးပြန်လည် ရရှိရေး လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း Red Cross ရဲ့ ဌာနေအဖွဲ့ခေါင်းဆောင် ရောဘတ် ကူးဖ်မန်း က ပြောပါတယ်။ 

တိုင်ဖွန်းမုန်တိုင်းကြောင့် လူအနည်းဆုံး ၁၉ ဦးသေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိခဲပါတယ်။ လူ ၄၀၀,၀၀၀ လောက် နေရာရွေ့ပြောင်းပေးခဲ့ရပြီး တိုင်ဖွန်းမုန်တိုင်း ဂိုနီကြောင့် အိမ်ပေါင်း ၁၀၀,၀၀၀ နီးပါးပျက်စီးခဲ့တဲ့အတွက် လူပေါင်းများစွာ နေရာရွေ့ပြောင်းနေရဆဲဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP