တိုင်းဖျက်ပြည်ဖျက် ဆိုးရွားသည့်လုပ်ဆောင်ချက်

mdn

နေပြည်တော် ၁၃ မေ

ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြု၍ စာသင်နှစ်တစ်နှစ် ဆုံးရှုံးသွားခဲ့ရပြီးနောက် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ရန်ပြင်ဆင်နေပြီဖြစ်သည်။ ရောဂါကူးစက်ပျံ့နှံ့မှု ရှိနေသေး သည့်တိုင်အောင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားမှုကာလရှည်ကြာ ဆုံးရှုံးနစ်နာမှု မရှိအောင် ဆောင်ရွက်ပေးခြင်းလည်း ဖြစ်သည်။ အကယ်၍သာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ စိုးရိမ်ဖွယ် ဖြစ်လာလျှင်လည်း စာသင်ကျောင်းများဖွင့်လှစ်သင်ကြားမှုကို ပြန်လည် စဉ်းစားသုံးသပ်မှုပြုလုပ်ရလိမ့်မည်ဟု ယုံကြည်မိသည်။

 

မြန်မာနိုင်ငံတွင်လူဦးရေထူထပ်သိပ်သည်းမှု အမြင့်မားဆုံး ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံ ပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အားလုံး၌ ကျောင်းသားေ ကျာင်းသူဦးရေ တစ်သန်း ကျော်ဝင်ရောက်ပညာသင်ယူကြ တော့မည်ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း သန်းနှင့် ချီသည့် ပညာသင်အရွယ်ကလေးများ ပညာသင် ယူခွင့်မဆုံးရှုံးစေရန် မိဘနှင့်အုပ်ထိန်းသူများက အထူးအလေး ပေးဆောင်ရွက်ကြရန်လိုသည်။ အခမဲ့ပညာရေးဖြစ်သည့်အတွက် မည်သည့်ငွေကြေးမျှ ကုန်ကျစရာမလို။ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်များ၊ ဘောပင်ခဲတံနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပါးစပ် နှာခေါင်းစည်း၊ မျက်နှာကာသည့် Face Shield တို့ကိုပါ နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးထားရာ မိမိတို့နေထိုင်ရာ နယ်မြေထဲရှိ ကျောင်းများ၌ ကျောင်းအပ်နှံရေး သီတင်းပတ် အတွင်း အပ်ဖြစ်အောင် အပ်ပေးကြရန်သာ လိုအပ်သည်။ ယမန်နှစ်က ကိုဗစ်-၁၉ရောဂါကြောင့်ကျောင်းများပိတ်ခဲ့ရပြီးနောက် ယခုနှစ်တွင်မူ ကိုဗစ်က အရှိန်တန့်နေ သယောင်ရှိသော်လည်း အဖျက်အမှောင့်များ၏ ခြိမ်းခြောက်နှောင့်ယှက်မှုများက ဖြစ်ပေါ်လာသည်။ စင်စစ် အားဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတို့မှ ကလေးငယ်တို့၏ ပညာသင်ကြားမှု အပေါ်ခြိမ်းခြောက်စကား ဆိုကြခြင်းမှာမူ ယဉ်ကျေး၍ အထက် တန်းကျသည့် မည်သည့် နိုင်ငံသားမဆို လက်ခံမည်မဟုတ်သည့် နိမ့်ကျလှသော အပြုအမူပင်ဖြစ်သည်။ ဆင်ခြင်တုံတရား ကင်းမဲ့နေပြီဖြစ်သော အစွန်း ရောက်အတွေးအခေါ်မျိုးဖြင့် ခြိမ်းခြောက် နှောင့်ယှက်သူက နှောင့်ယှက်၊ နိုင်ငံရပ်ခြားတွင် နေထိုင်သူ ကျောင်းနေ အရွယ် ကလေးမရှိသူ ကိုယ့်ကလေးများကို နိုင်ငံတကာကျောင်း၊ ပုဂ္ဂလိကကျောင်းများ၌ ထားနေသူတချို့ ကလည်း အလိုတူအလိုပါသံယောင်လိုက်ကာ ဘေးတီးပေးနေကြသည်ကိုလည်း တွေ့ရသည်။ အစိုးရ ဆန့်ကျင်ရေးဟုဆိုကာ ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အရေးကို လိုက်လံပိတ်ပင်တားဆီးနေကြ ခြင်းမှာ ကလေးများအပေါ် အမြတ်ထုတ် ရန် ကြံရွယ်သည့် ရက်စက်ယုတ်မာမှုသက်သက်မျှသာဟု ဆိုရမည်ဖြစ်သည်။

 

မိမိတို့အနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာတတ်မြောက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများနှင့်ပတ်သက်၍ယခင်အစိုးရများက ရေးဆွဲအတည် ပြုခဲ့သည့် အမျိုးသား ပညာရည်မြင့်မားရေး အနှစ်(၃၀) နှစ်ရှည် စီမံကိန်းအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင်ရေး နှောင့်ယှက်ဆောင်ရွက်နေမှု များသည် တိုင်းပြည်ဖျက်နေသည့်လုပ်ရပ်ဖြစ်ပြီး ဆိုးရွားသော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အဆိုပါ အဖျက်လုပ်ငန်းဆောင်ရွက် နေမှုများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်က္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၀/၂၀၂၁) တွင် ပြောကြားခဲ့သည်။

 

အခြေခံပညာကျောင်းနေအရွယ်ကလေးများသည် များစွာ ငယ်ရွယ်နုနယ်သေးသည့် ကလေးများဖြစ်သည်။ ကလေးသူငယ် တို့၏ အခွင့်အရေးများကို ဖြည့်ဆည်းပေးရန် လိုအပ်သလို ကလေးငယ်တို့၏ ကိုယ်ရောစိတ်ကိုပါ ထိခိုက်မှုမဖြစ်ပေါ်စေရန် ဝိုင်းဝန်းစောင့်ရှောက်ကြရမှာလည်း ဖြစ်သည်။ တိုင်းပြည်ပျက်စီးရေး ကြံစည် လုပ်ဆောင်နေမှုများအနက် ကလေးငယ်များကို ဦးတည်သည့် အဖျက်လုပ်ရပ်မှာမူ အဆိုးရွား ဆုံးဖြစ်သည့် အလျောက် ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်မှုတွင် ပြည်သူအားလုံးပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါကြောင်း။

 

မြန်မာ့အလင်း