တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့ လေးမျက်နှာမြို့ဟောင်းဘက်ကမ်းရှိ ထူပါရုံစေတီကြီး၏ သာသနိက အဆောက်အဦများ ကမ်းပါးပြိုကြမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၂၁   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် လေးမျက်နှာမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ကျော်နှင့် မြစ်ကြောင်းထိန်းသိမ်းရေးအဖွဲ့ဝင်များ တိုင်း/ခရိုင် ဌာနဆိုင်ရာများသည် ယနေ့မွန်းလွဲပိုင်းက လေးမျက်နှာမြို့ သမိုင်းဝင် ထူပါရုံစေတီတော်သို့ သွားရောက်၍ ဘုရားကြီး၏ သာသနိက အဆောက်အဦများ ငဝန်မြစ်ကမ်းပြိုမှုကြောင့် ပျက်စီးသွားသည်များကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ထူပါရုံစေတီတော် ဂေါပကဥက္ကဋ္ဌ ဦးလှိုင်အေး၊ ဂေါပကအဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကမ်းပြိုကျနေမှုများအား လိုက်လံရှင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးက  ကမ်းဆယ်မှုလုပ်ငန်းများအား အမြန်ဆုံး အကောင်ထည်ဖော် ပြီးစီးနိုင်ရေးအတွက် မှာကြားခဲ့သည်။

 

ထို့နောက် ငဝန်တံတား(လေးမျက်နှာ) သို့သွားရောက်ကာ တံတားခြေရင်း ကမ်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သန်းဦး(လေးမျက်နှာ)

 

2