တိုင်းဒေသကြီးသုံးခုနှင့် ကယားပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၈ မေ 

 


သစ်တောဉီးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်၍ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (CMRS) အပါအဝင် အထူးအဖွဲ့ဖြင့် ကွင်းဆင်းရှာဖွေဖော်ထုတ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိသည်။ 

 

္ိိန

 


ထိုသို့ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် စရဖ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် မေ ၄ ရက်မှ ၆ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် ဝေါမြို့ဝင်ဂိတ်အနီးနေရာ၌ မှန်လုံ(Express) မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား (၂၆)ချောင်း ၂ ဒသမ ၈၉၄၆ တန်၊ ယာဉ်(၁)စီးနှင့်အတူ ပြစ်မှုကျူးလွန်သူ (၂)ဦးကိုလည်းကောင်း၊ ကျောက်တံ ခါးမြို့နယ် ရဲနွယ်ဆည်အတွင်းရှိ ပိန်းချောင်းနှင့် ဖျံချောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ရဲနွယ်ကြိုးဝိုင်းအတွင်းမှ ကျွန်း၊ ပျဉ်းကတိုးခွဲသား (၁၈၇) ချောင်း ၈ ဒသမ ၆၆၈ တန်၊ မီးသွေး(၅၄၀)အိတ် ၅၇ ဒသမ ၆ တန်နှင့် ပြစ်မှုကျူးလွန်သူ (၃)ဦးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သတခရိုင် လေးမျက်နှာမြို့နယ် လေးမျက်နှာကြိုးဝိုင်း အတွင်းရှိ NISSAN (၆)ဘီး မော်တော်ယာဉ်ပေါ်မှ တောင်သရက်ခွဲသား (၅၄)ချောင်း ၇ ဒသမ၂၉၁၄ တန်နှင့် ပြစ်မှုကျူးလွန်သူ(၁)ဦး ကိုလည်းကောင်း၊ ကယားပြည်နယ် ဘော်လခဲခရိုင် ဘော်လခဲမြို့နယ် အတွင်းရှိ Mini Bus မော်တော်ယာဉ်နှင့် CARAVAN မော်တော်ယာဉ်တို့ပေါ်မှ ပိတောက်ဓါးရွေ (၁၇)ချောင်း ၂ ဒသမ ဝ၉၀၆တန် နှင့် ပြစ်မှုကျူးလွန်သူ (၁)ဦးတို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

နမအ

 


ထို့အတူ ပူးပေါင်းအဖွဲ့သည် မေ ၁ ရက်မှ ၇ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မြတောင်ကင်းရုံးအထက် ရေလယ်သောင်ကမ်းစပ်နေရာတွင် ကျွန်းသစ်၊ ပကာ၊ ခွဲသား(၂၈၂၉) ချောင်း (၂၄ ဒသမ ၉၄၈၀)တန်၊ မုံရွာခရိုင် ဘုတလင်မြို့နယ် ချင်းတွင်းမြစ်အတွင်းမှ သစ်ယာခွဲသားခန့်မှန်း (၆)တန်ခန့် တင်ဆောင်ထားသော အပြာရောင် မော်တော်(၁)စီးနှင့် မုံရွာခရိုင် မုံရွာမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းရှိ (၆)ဘီး မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား(၅၄)ချောင်း ၆ ဒသမ ဝ၀ တန်ခန့်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်ပတ်သက်သောသူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 


မောင်လူမော်